၃။ ဗဟုသုတသိမှတ်ဖွယ် စကားပုံ ပုံပြင်သင်ကြမယ်(င) နွားအကြောင်း situation of castles

Поделиться
HTML-код
  • Опубликовано: 13 апр 2025
  • youtu.be/X_vww...
    ၃။ ဗဟုသုတသိမှတ်ဖွယ် စကားပုံ ပုံပြင်သင်ကြမယ်
    (င) နွားအကြောင်း
    မြန်မာ့လယ်ယာလုပ်ငန်းတွင် နွားကို အသုံးပြုကြသည်။ လယ်ယာစတင် ထွန်ယက်သည့်အချိန်မှစ၍ သီးနှံများကို သိမ်းဆည်းပြီးသည့်အချိန်အထိ နွားနှင့် အလုပ်လုပ်ကြရသည်။
    38
    နွားထီးများကို လုပ်ငန်းများတွင် အသုံးပြုကြသည်။ နွားမများကိုမူ နို့စားနွားအဖြစ် မွေးမြူကြသည်။ အချို့သောနိုင်ငံများတွင် အသားရရန် နွားကို သီးသန့် မွေးမြူကြသည်။
    နွားကို လှည်းတွင်တပ်ဆင်ကာ ခရီးသွားရန်နှင့် သယ်ယူပို့ဆောင်ရန် အသုံးပြု ကြသည်။ စက်မှုထွန်းကားလာသောခေတ်တွင် နွားကို အသုံးပြုသူ နည်းပါး သွားသော်လည်း အလှူမင်္ဂလာပွဲ၊ ရှင်လောင်းလှည့်ပွဲ၊ မင်္ဂလာအခမ်းအနားပွဲ စသည် တို့တွင် လှည်းယဉ်ကို တခမ်းတနား အသုံးပြုနေဆဲဖြစ်သည်။ သွေးတူမွေးတူ နွားများကို ချူများ၊ အဆင်တန်ဆာများဆင်ပြီးလျှင် လှည်းယဉ်တွင်က၍ မောင်းလေ့ ရှိသည်။ နွားချော နွားကောင်းများကို အလှမွေးကြသည်။
    မြန်မာနိုင်ငံတွင် နွားများကို စားကျက်များသို့လွှတ်၍ နွားကျောင်းလေ့ရှိကြသည်။ နွားစာများမှာ မြက်၊ ကောက်ရိုး၊ ပြောင်းရိုး၊ ပဲဖတ်၊ နှမ်းဖတ်စသည်တို့ဖြစ်သည်။ နွားများကို ခြံခတ်၍ လည်းကောင်း၊ နွားတင်းကုပ်များ ဆောက်၍လည်းကောင်း ထားလေ့ရှိသည်။ နွားသည် လူတို့အတွက် အသုံးဝင်သော တိရစ္ဆာန်ဖြစ်သည်။
    Mobile number: 01581241611

Комментарии • 1

  • @drmohammadrizwan621
    @drmohammadrizwan621 8 дней назад

    Hello Sir please please upload Grade 3 life skills fully video of book